fate
အရာအားလုံးကို ကြိုတင်သတ်မှတ်ထားပြီးသားလော။
လူသားမျိုးနွယ်အတွက်ဖြစ်စေ၊ ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဘဝအတွက်ဖြစ်စေ ကျရောက်လာတော့မည့်ဒုက္ခများအကြောင်း ဖတ်ရသောအခါ အကူအညီမဲ့သလို၊ ဘာမျှမလုပ်နိုင်သလို ခံစားရလွယ်ပါသည်။ ကျွန်ုပ်တို့အချို့သည် ဘဝတွင် အရာအားလုံးကို ကြိုတင်ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း၊ မည်သည့်ကြိုးစားမှုမျှ ၎င်းကို မပြောင်းလဲနိုင်ကြောင်း တိတ်တဆိတ် ကောက်ချက်ချတတ်ကြသည်။ သို့သော် ဤသို့ပင် မှန်ပါသလော။